လုပ်ငန်းအသစ်တိုးချဲ့ဖို့အတွက် အဓိကလိုအပ်တာက လုပ်ခနည်းနည်းဘဲ ပေးရတဲ့ အလုပ်သမားတွေရှိတဲ့နေရာ... လုပ်ကိုင်လို့နည်းနည်းဘောင်ကျယ်တဲ့နေရာနဲ့.. ဈေးကွက်ကောင်းကောင်းရဖို့စဉ်းစားရမယ်... အော်.. အကြံရပြီ.. မြန်မာနိုင်ငံမှာဘဲ စီးပွားရေးလုပ်မယ်ဆိုရင်တော့... တော်တော်ကိုက်မယ်... (ကိုယ့်နိုင်ငံအကြောင်းဆိုတော့ ပိုသိတယ်..) လုပ်အားခလည်း အများကြီးပေးစရာမလိုဘူး (ဒေါ်လာနဲ့တွက်ရင်..) အာမခံကြေးလဲ ပေးစရာမလိုဘူး.. အဓိက..က ဆိုင်ရာပိုင်ရာတွေနဲ့ အဆင်ပြေရင်ပြီးပြီ...
အသံတွေကြားနေရတယ်.....
စီးပွားရေးပိတ်ဆို့မှုတွေလုပ်လို့.. စက်ရုံတွေ မြန်မာနိုင်ငံကနေပြီးတော့ ထွက်သွားတယ်။ အဲဒီတော့ အဲဒီအလုပ်ရုံတွေမှာ အလုပ်လုပ်တဲ့.. အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ပြီးတော့ ထမင်းငတ်ကြတယ်.. အလုပ်လက်မဲ့ဖြစ်ကြတယ်...
..အဲဒါမဟုတ်ဘူးလား.. ဟုတ်တယ်.. သူတို့ပြောတာမှန်တယ်။
အလုပ်ရုံတွေထွက်သွားတယ်... ပြည်သူတွေ အလုပ်လက်မဲ့ဖြစ်ကြတယ်။
နောက်ထပ်အသံတစ်သံထွက်လာတယ်...
စီးပွားရေးပိတ်ဆို့မှုကို ထောက်ခံရတာဟာ.. တကယ်တမ်း ရင်းနှီးမြှုပ်နှံမှုတွေလာလို့ အလုံးလိုက်အရင်းလိုက် အကျိုးဖြစ်နေတာ လူထုမဟုတ်ဘူး... စစ်အစိုးရကသာ တကယ့်အနှစ်တွေနဲ့ အကျိုးအမြတ်တွေရနေတာ....
ကဲ... သူတို့ပြောတာရောမမှန်ဘူးလား.... သူတို့ပြောတာလည်း မှန်နေတာဘဲ..
အခုလို အငြင်းအခုံဖြစ်နေကြတဲ့နေရာမှာ.. ကိုယ့်ဖက်ကိုယ်ကြည့်ရင်တော့ မှန်နေကြတာပါဘဲ.. လူနှစ်ဦးရဲ့ အလယ်မှာ လက်ဝါးကိုဖြန့်ပြီး ထောင်ပြလို့ကတော့ နှစ်ဖက်စလုံးကတော့ လက်ဖမိုး (ဒါမှမဟုတ်) လက်ဖ၀ါးကို တပြိုင်တည်းမြင်နိုင်မှာမဟုတ်ဘူး....
အဲဒီတော့... နှစ်ဖက်လုံးကို ဆက်ပြီးတော့ ပေးငြင်းနေမယ်ဆိုရင် အငြင်းလွန်လို့ စိတ်ဆိုးပြီး ထသတ်လို့ နှစ်ဖက်စလုံးသာ သေသွားမယ်.... အဖြေတော့ သိသွားကြမှာမဟုတ်ဘူး...
အဲဒါက သူတို့နှစ်ဖက်ကြား မိမိရဲ့အမြင်... အဲ.. မိမိကိုယ်တိုင်ကရော အဖြေကို သိသလားဆိုတော့.... မသိပါဘူး.. ဟဲဟဲ...
ဒါပေမဲ့ မိမိရဲ့ ထင်မြင်ချက်လေးကိုတော့ နည်းနည်းလောက် အာချောင်ပါရစေ...
ဒီနေရာမှာ.. မိမိအနေနဲ့ဆိုရင်တော့ ဘက်သုံးဘက်လို့မြင်ပါတယ်။ တဖက်က ပိတ်ဆို့မှုကို ထောက်ခံသူ.. နောက်တဖက်က မထောက်ခံသူနဲ့ နောက်ဆုံးတဖက်ကတော့ ကာယကံရှင်ဖြစ်တဲ့ လာပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေပါဘဲ...
ကျမကတော့ ဒီအကြောင်းအရာမှာ ထောက်ခံတဲ့လူအနေနဲ့ရော၊ မထောက်ခံတဲ့လူအနေနဲ့ရော.. ကိုယ်ချင်းစာပြီးတော့ ၀င်ကြည့်လိုက်တဲ့အတွက်ကြောင့် သူတို့ဘက်နဲ့သူတို့မှန်နေတာကို တွေ့ရလို့ နောက်ထပ်.. ကိုယ်ခံစားပြီး မ၀င်ကြည့်ရသေးတဲ့ ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးသမားတွေနေရာကို ၀င်ကြည့်လိုက်ဦးမယ်...
.. ခနလေးစောင့်...
ပြီးရင်.. စီးပွားရေးသမားတယောက်ရဲ့ ခံစားမှုလေးတွေ၊ စိတ်ကူးလေးတွေ လာပြန်ပြောပြမယ်..
...ရှူး.. တိတ်တိတ်လေး.. အခုတော့ ဘယ်သူ့ကိုမှမပြောပြနဲ့ဦး...
ဘောင်း.... !!
အို့... ငါတကယ်ကိုဘဲ အရမ်းချမ်းသာသွားပါလား...
ကြည့်စမ်း.. ကိုယ်ပိုင်ကားတွေ၊ တိုက်တွေ၊ ပိုက်ဆံတွေနဲ့ ငါပိုင်ဆိုင်တဲ့လုပ်ငန်းကြီးတွေ...
ဟေ့.. ချစ်သုဝေ... အခြေအနေတွေဘယ်လိုလဲ... စီးပွားရေးသမားတယောက်ရဲ့ အတွေ့အကြုံကောင်းရခဲ့ရဲ့လား..
အဲဒါနဲ့ မိမိလည်း... အတွေ့အကြုံကောင်းတော့ ရခဲ့ပါတယ်.. အခွင့်အရေးရတုန်း ငါက အကျိုးရှိအောင် အလုပ်ပိုလုပ်မိပါတယ်... ဒါပေမဲ့ တခါမှ မြတ်တယ်မရှိဘူး...
ဟ... နင်ရဲ့ထုတ်ကုန်က ရောင်းမကောင်းလို့လား...
မဟုတ်ဘူးဟ.. ထုတ်ကုန်က ဘာမှမဟုတ်ဘူး.. အာဏာပိုင်တွေကို ပေးလိုက်ရတဲ့ငွေတွေက နည်းတာမဟုတ်ဘူး... အဲဒါလည်း. .အေးအေးဆေးဆေးအလုပ်မလုပ်ရပါဘူး.. ငါ့အလုပ်က နည်းနည်း ၀င်ငွေကောင်းလာရင်.. လာပြီးတော့ ခြိမ်းခြောက်လိုက်.. အခွန်ငွေတွေဆတိုးကောက်လိုက်.. မဟုတ်က၊ ဟုတ်က.. စည်းမျဉ်းစည်းကမ်းတွေက တိုးလာလိုက်နဲ့ တော်တော် စိတ်ပျက်ဖို့ကောင်းတယ်...
နိုင်ငံရဲ့စီးပွားရေးအခြေအနေကလည်း တခါမှမငြိမ်တော့ နောက်ထပ်ရှိတာလေးတွေ မကုန်ခင် အမြန်ပြန်ထွက်ရတာဘဲ သူငယ်ချင်းတို့ရေ....
နင်က ပြင်ပကလူတွေ စီးပွားရေးပိတ်ဆို့မှုတွေ တောင်းဆိုနေလို့ ထွက်လာတာတော့ မဟုတ်ပါဘူးနော်..
ဘယ်ကလာ.... ဘယ်လောက်ဘဲ ပိတ်ဆိုမှုတောင်းတောင်း... ငါအမြတ်ရရင် ငါဆက်လုပ်မှာပေါ့... မမြတ်ရင်တော့လား... ကန်တော့ပွဲနဲ့ လာခေါ်ပြီး လုပ်ခိုင်းရင်တောင် မလုပ်နိုင်ဘူး...
ကဲ... တကယ်စီးပွားရေးလုပ်ငန်းရှင်တွေဆိုရင်.. ဘယ်လိုလုပ်မလဲဆိုတာ စဉ်းသာ စားကြည့်တော့...
နွားနဲ့နှိုင်းတာတော့မဟုတ်ပါဘူး... တွေးခိုင်းတာပါ.... ဟီးဟီး....
Thursday, April 3, 2008
တခနလေးတောင်မပျော်ရပါလားနော်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment