Thursday, June 11, 2009

အတူဝိုင်းဆုတောင်းရအောင်


အ၀ါရောင်ဖဲကြိုးလေးကို ကိုင်ပြီး ကပ်ကြေးနဲ့တိခနဲ့ညှပ်ချလိုက်အပြီးမှာတော့ အတွေးတစက ပြီးခဲ့တဲ့ အတိတ်တွေဆီကို တရွေ့ရွေ့….

ဆယ်စုနှစ်တခုကျော်လောက် အထိန်းသိမ်းခံခဲ့ရပေမဲ့ ချစ်ခင်လေးစားရတဲ့ ပြည်သူတွေကတော့
မွေးနေ့ရှင်မရှိပေမဲ့လဲ…. ပုံမှန်မွေးနေ့ပွဲလုပ်ပေးခဲ့ကြတယ်။ အ၀ါရောင်သင်္ကေတလေးတွေ ဖန်ဆင်းခဲ့တယ်… သူမကိုထောက်ခံတဲ့အနေနဲ့ပေါ့။……




လုပ်ခဲ့တဲ့မွေးနေ့တော်တော်များများမှာလဲ… မပျင်းမရိ..မငြီးမငွေ့ လွတ်မြောက်ပါစေ ဆုတောင်းပေးနေခဲ့ကြတာလဲ အကြိမ်ပေါင်းမနည်းတော့…..


မွေးနေ့တခုတည်းမှာတင်မက… အခါအခွင့်သင့်ရင် သင့်သလို ပြောပြီးသားကို အကြိမ်ကြိမ်အခါခါ ပြန်ပြောမိနေတာကလဲ လွှတ်ပေးပါ… လွတ်မြောက်ပါစေ ဆိုတဲ့ စကားလုံးတွေပါဘဲ…..

ဒီအချိန်ဆိုရင်…အထူးသဖြင့် ဒီလိုအချိန်..ဒီလိုရက်တွေဆိုရင်… ပတ်ဝန်းကျင်မှာ အင်္ကျီအ၀ါ၊ မိုးပျံဘောလုံးအ၀ါ၊ ခေါင်းစည်းအ၀ါ၊ ရင်ထိုးအ၀ါ စတဲ့ အ၀ါရောင်သင်္ကေတလေးတွေကို တွေ့ရစမြဲ…. ဘြာ
ဖစ်လို့လဲဆိုတော့

မြန်မာနိုင်ငံသားအများစုက လေးစားရပြီး (စစ်အုပ်စုတွေမပါလို့ အားလုံးလို့မထည့်တာပါ၊)
လူထုခေါင်းဆောင်လို့ အသိအမှတ်ပြုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် (အန်တီစု) ရဲ့ (၆၄) နှစ်မြောက်မွေးနေ့ရောက်တော့မှာမို့လို့ပေါ့….

အခုဆိုရင် နောက်ထပ်မွေးနေ့တခုကို မွေးနေ့ရှင်မရှိဘဲ လုပ်ရဦးမှာလား….. ပြောပြီးရင်း ပြောနေ.. တောင်းဆိုပြီးရင်းတောင်းဆိုနေရတဲ့ လွှတ်ပေးပါ ဆိုတဲ့စကားတွေကိုဘဲ ထပ်ပြောနေရဦးမှာလား….

အမြဲတမ်းမပျက်မကွက် ဆုတောင်းနေရတဲ့ တခုတည်းသော တောင်းဆုဖြစ်တဲ့ အမြန်ဆုံးလွတ်မြောက်ပါစေကိုဘဲ ပြန်ဆုတောင်းနေရဦးမှာလား…..


မေးခွန်းပေါင်းများစွာနဲ့ ဖဲကြိုးဝါလေးကို ခွေထည့်လိုက်တယ်……

လူထုတွေရဲ့တောင်းဆိုသံတွေ ဒီလောက်ညံတဲ့ကြားထဲကနေ…. စစ်အစိုးရက အားလုံးကို မျက်ကွယ်ပြုပြီး ကျမတို့လေးစားရတဲ့ အန်တီစုကို အကောက်ကြံ၊ ဥာဏ်ထပ်ဆင်ပြီး လုပ်ချလိုက်တဲ့ပုံက…. လွတ်ရက်စေ့တာတောင်မှ စည်းကမ်းချိုးဖောက်တယ်ဆိုပြီး….
ဆက် ထိန်းသိမ်းထားဖို့အတွက် ဥပဒေအသစ်တွေထုတ် အပြစ်ဒဏ်ဆက်ပေးနိုင်အောင် တရားစွဲနေတယ်…..

တချိန်တည်းမှာဘဲ…. မဟုတ်တရုတ်လုပ်ပြီး အန်တီစုနဲ့ Mr. Yettaw ဓါတ်ပုံကိုကပ်.. လမ်းလယ်ခေါင်မှာ ချပြီး အန်တီစု သိက္ခာကျအောင်ွလုပ်နေတယ်….

ဒါဟာ အန်တီစုတယောက်တည်းကို မကောင်းကြံတာမဟုတ်ဘဲ…. တနိုင်ငံလုံးမှာရှိတဲ့လူထုတွေကိုပါ စော်ကားလိုက်တာဖြစ်တယ်…..


တကယ်ဆို ”အစိုးရ” ဆိုတဲ့စကားလုံးက ပြည်သူတွေ အသိအမှတ်ပြုမှဖြစ်တာ… ပြည်သူတွေက.. ကိုယ်တွေကို ကိုယ်စားပြုနိုင်မယ့်လူတွေကိုရွေးပြီး ကိုယ်စားပြုခိုင်းမှ တရားဝင်အစိုးရလို့ခေါ်တာ…
အခုတော့ ကျမတို့ ပြည်သူတွေကလဲ မရွေးချယ်ထားဘဲ… ကိုယ့်ဘာသာကိုယ် ကုတ်ကပ်တက်လာတဲ့ ဒီလိုယုတ်မာပက်စက်တဲ့ စစ်အာဏာရှင်ကို ကျမတို့အားလုံးက အစိုးရလို့ သူတို့ကိုယ်သူတို့ခေါ်တာကို.. ခေါ်ခွင့်ပြုမှာလား….


စဉ်းစားရင် သည်းခံစိတ်တွေ ကုန်ခမ်းချင်လာတယ်… စွန့်ခွာခဲ့တဲ့ ကိုယ့်ရဲ့ နိုင်ငံ.. မွေးရပ်မြေကို ပြန်ပြီး အေးအေးချမ်းချမ်းနေချင်တဲ့စိတ်တွေ ပြင်းပြလာလေလေ… စစ်အာဏာရူးတွေကို အမျက်ထွက်လာလေလေ…. အန်တီစုက ကျမတို့နိုင်ငံကို အေးချမ်းဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်လာအောင် ဦးဆောင်ပေးနိုင်စွမ်းရှိသူလို့ ပိုယုံကြည်လာလေလေ…

ယုံကြည်ချက်တွေကို လက်တွေ့ခံစားလိုတဲ့စိတ်နဲ့ ပြင်းပြတဲ့စိတ်.. ယုံကြည်တဲ့စိတ်၊
အာဏာရူးတွေအပေါ်ထွက်တဲ့အမျက်တွေပေါင်းပြီး ခွေထားတဲ့ ဖဲကြိုးဝါလေးကို…ခပ်ကြမ်းကြမ်းလေး ချိတ်နဲ့ ချိတ်တွယ်လိုက်တယ်…..



ခံစားချက်ပေါင်းစုံနဲ့အ၀ါရောင်ဖဲကြိုးရင်ထိုးလေးတွေဖြစ်လာတယ်…

ဒါတွေက… အန်တီစုမလွတ်မချင်း… အသုံးပြုရမဲ့သင်္ကေတ… လူထုတရပ်လုံးရဲ့ သဘောထားကို အာဏာရှင်တွေ ငြင်းပယ်လို့မရတော့တဲ့တနေ့အထိ… ကျမတို့ လှုပ်ရှားရမဲ့ အ၀ါရောင် ကမ်ပိန်း တခုဆိုတာကို သိလိုက်တယ်….

ဒီအ၀ါရောင်ရင်ထိုးလေးကို အေးချမ်းပြီးတဲ့ နိုင်ငံမှာနေပြီး ပြုံးရွှင်နေတဲ့ အန်တီစုရဲ့ အင်္ကျီပေါ်မှာ ကျမတို့နိုင်ငံအေးချမ်းတဲ့တနေ့ ဒီလိုအချိန်မျိုးမှာ တပ်ပေးချင်လိုက်တာ…..

ဒါတွေတကယ်ဖြစ်လာဖို့အတွက် လက်တွေ့အခြေအနေအရ ရလာတဲ့ အ၀ါရောင်ဖဲကြိုးရင်ထိုးလေးတွေကိုယူပြီး… မွေးရပ်မြေပြန်ချင်တဲ့ မျှော်လင့်ချက်လေးတွေနဲ့ ရုန်းကန်နေတဲ့ မြန်မာနိုင်ငံသားတွေကို ကျမတို့အတူတူဆုတောင်းကြရအောင်လို့ အ၀ါရောင် ကမ်ပိန်းလုပ်ရခြင်းအကြောင်းအရင်းလေးတွေရှင်းပြပြီး အ၀ါရောင်ဖဲကြိုးရင်ထိုးလေးတွေကို လိုက်ပြီး ဝေငှနေမိတယ်… ကျမကိုယ်တိုင်လည်း အ၀ါရောင်ရင်ထိုးလေးတပ်လို့ပေါ့….

စိတ်ဝင်စားရင်...

Wednesday, April 8, 2009

သဲထိတ်ရင်ဖို


ဟော့တော့..
ခရေပန်းကလေးတွေကလှလိုက်တာ… ငါတို့ကောက်သွားရအောင်…

…ဂလက်..ဂလက်.. ချွတ်..
ငလျင်အကြီးအကျယ်လှုပ်တယ်ဟေ့… တောင်အရှင်တွေအောက်မှာမပိနေအောင် လွတ်အောင်ရှောင်ကြဟေ့… (မှတ်ချက်.. ကြည့်ရတာ တောင်နဲ့တော့ သိပ်မတူပါဘူး။ ဒါပေမဲ့ အသက်ရှင်ပြီး ကြီးလွန်းအားကြီးလို့ တောင်အရှင်လို့ဘဲ မှတ်လိုက်)



အော်သံကြားတဲ့ဘက်ကိုလှည့်ကြည့်လိုက်တော့ အစုလိုက်အပြုံလိုက်ကြီး ကိုယ့်ဘက်ကို ပြေးလာနေတာကို တွေ့လိုက်ရတယ်… အဲဒီတော့ ကိုယ်လဲ သူတို့လို လိုက်ပြေးရတာပေါ့… မဟုတ်ရင် သူတို့အောက်မှာပြားပြီးကျန်ခဲ့မှာ…

အုပ်စုလိုက်ပြေးနေပေမဲ့… တခါတလေကျရင် တောင်နဲ့တူတဲ့ အသက်ဝင်နေတဲ့ အရာတွေက ကိုယ့်အရှေ့ကိုကြိုရောက်နေပြီးသားဖြစ်နေလို့… ဒီလိုအချိန်တွေဆိုရင် အသက်ကို ဖက်နဲ့ထုတ်ထားရသလိုပါဘဲ….

ကိုယ်တို့ အခုနေတဲ့ ပတ်ဝန်းကျင်မှာလေ.. ကိုယ်တို့နေလို့ရတဲ့ ဂူလှလှလေးတွေအများကြီးရှိတယ်… အဲဒီဂူတွေထဲမှာ တခါတလေ ကိုယ်တို့ကြိုက်ပြီး သောက်လို့ရတဲ့ အချိုရည်တမျိုးရှိလို့ ကိုယ်တို့က တခြားနေရာကို ဘယ်လိုမှ ပြောင်းမသွားချင်ဘူးလေ…

သစ်ပင်အမြင့်ကြီးတွေရှိတဲ့ တောနက်ထဲလဲရောက်ရော… ကိုယ်စောစောကပြောတဲ့ ဂူဖြူဖြူသန့်သန့်လေးတခုကိုတွေ့တယ်လေ… တောကလည်းနက်နေပြီဆိုတော့ ကိုယ့်ကို ဘယ်သူမှမမြင်နိုင်တော့ဘူးဆိုတာ သေချာသွားပြီလေ…

ကိုယ်နဲ့မလှမ်းမကမ်းမှာ ကိုယ့်သူငယ်ချင်းတွေကလည်း သူတို့ကြိုက်တဲ့ ဂူလေးထဲမှာ ၀င်လိုက်ထွက်လိုက် လုပ်သူလုပ်… ပိုလုံခြုံမယ်ထင်တဲ့နေရာ ရှာသူရှာနဲ့….

ကိုယ်ကတော့ ကိုယ်တွေ့တဲ့ ဂူလေးကို သဘောကျလို့… ဒီမှာဘဲ ခနေဦးမယ်လို့ စိတ်ကူးရှိတယ်…

ကိုယ်ဂူထဲကိုဝင်သွားတယ်….
ဂူထဲက အရည်ချိုလေးတွေကိုလိုက်သောက်တယ်..

အဲဒီအချိန်မှာ… ကိုယ့်တကိုယ်လုံးလေထဲမြောက်သွားတယ်….
အကြောင်းအရင်းသိရအောင် ဂူအပြင်ဘက်ကိုထွက်ပြီး ကိုယ်ရှာမိတယ်….

ဟေ့.. ဒီမှာ ပန်းတွေကလှပေမဲ့.. ပုရွက်ဆိတ်တွေအများကြီးဘဲ…
အေး… ဟုတ်တယ်.. ဒီမှာလဲကြည့် ခရေပန်းအပေါက်တွေကြားထဲမှာလဲ.. သူတို့ရှိနေတယ်.. ငါကတော့ သတ်ရင်ငရဲကြီးမှာစိုးလို့ လေနဲ့ မှုတ်ထုတ်လိုက်တယ်…


ဆိုးဝါးပြန်းထန်လွန်းလှတဲ့ မိုးချိန်းသံလို အသံမျိုးတွေကြားပြီးတဲ့နောက်… ကိုယ်လေထဲမှာ လွင့်မြောသွားပြန်တယ်….

ဒါပေမဲ့ ကိုယ်မြေပေါ်ပြန်ကျတော့ ပုံမှန်စံမပျက်ပြန်ကျလာတယ်.. ကိုယ်ကျွမ်းကျင်တဲ့ တောနက်ထဲမှာဘဲပေါ့….

အဲဒီတော့လဲ… တောင်အရှင်တွေမလာခင် လုံခြုံတဲ့နေရာတခု ထပ်ရအောင်.. အပြေးအလွှားထပ်ရှာဖို့အတွက် ကိုယ်မနားတမ်းဆက်ပြေးနေမိတယ်…

စိတ်ဝင်စားရင်...

Friday, April 3, 2009

ယဉ်ကျေးမှုအတွက်လား နှုတ်ဆက်တာလား


ကျမဖြင့် စိတ်တိုလိုက်တာ... စဉ်းစားကြည့်ပါဦး.. ကိုယ်ယူထားတဲ့ တာဝန်ကိုမှအားမနာ.. အရှက်မရှိလိုက်တာ.. လက်ဆွဲနှုတ်ဆက်သလိုနဲ့ ကျမလက်ဖ၀ါးကို လက်ညှိုးနဲ့ လာကုတ်တယ်...





ဟင်.. အဲလိုလက်ချောင်းနဲ့ လက်ဆွဲနှုတ်ဆက်တုန်း ကုတ်တာ ဘာအဓိပ္ပါယ်လဲ..
ဟယ်.. ရှင်က အဲဒါကို မသိဘူးလား..
ဟင့်အင်း
မသိရင်ပြောပြမယ်လက်ဆွဲနှုတ်ဆက်တုန်း လက်ညှိုးနဲ့ ကုတ်တဲ့ အဓိပ္ပါယ်က သူနဲ့အိပ်မလားလို့ မေးတာဟေ့.. သိပြီလား...
အယ်.. ဟုတ်လား.. ကျမကိုလည်း လူရိုသေရှင်ရိုသေထဲက လူကြီးတယောက် အဲလိုလုပ်ဖူးတယ်... ကျမက ဘာမှန်းမသိဘူး.. စတယ်ထင်ပြီး ပြန်မကုတ်လိုက်မိတာဘဲ တော်တော်ကံကောင်းတာဘဲ....

လူကြီးတွေ ပြောနေတဲ့ စကားဝိုင်းမှာ ၀င်မပါပေမဲ့ ငယ်သေးတဲ့ ငယ်က အသေအချာကို ကြားနေရပါတယ်။ အလိုလိုနေရင်း အမျိုးသမီးဖြစ်တဲ့အတွက် ဒါတွေကို သတိထားရမယ်ဆိုတာကို စိတ်ထဲမှာ သွင်းမိလျှက်သားဖြစ်သွားတယ်။

ငယ်က လက်ရှိလုပ်နေတဲ့ အလုပ်နေရာ ကိုယ်နဲ့ မရင်းနှီးတဲ့ တစိမ်းနယ်မြေဖြစ်ပါတယ်။ ဘာသာစကားမတူတော့ နေရထိုင်ရတာလဲ အရမ်းကို အထီးကျန်ဆန်ပါတယ်။

ငယ်... မင်းနဲ့ လူမျိုးတူတဲ့ လူတယောက် ငါတို့ဆီကို အလုပ်နဲ့ရောက်နေတယ်.. မင်းနဲ့ မိတ်ဆက်ပေးမယ်နော်.. ခဏနေရင်..
....ဟုတ်ကဲ့ရှင့်....
အမလေး.. ၀မ်းသာလိုက်တာ... စကားပြောဖော်ရတော့မယ်။
ဟေ့.. ကိုကောင်း.. သူ့နာမည်က ငယ်တဲ့..
ငယ်.. သူက ကိုကောင်းတဲ့..

ဟုတ်ကဲ့..တွေ့ရတာဝမ်းသာပါတယ်ဗျာ... ညဉ်းကိုကြည့်ရတာတော့ ကိုယ့်ထက်စာရင် ငယ်သေးမယ်နဲ့တူတယ်နော်... ဘာမှအားမနာနဲ့ အကူအညီလိုရင် ကိုယ့်ဆီမှာတောင်း.. ဟုတ်ပြီလား.. ကိုယ်ကဒီမှာနေတာလေ...

ဟုတ်ကဲ့ရှင်.. ကျမကလည်းတွေ့ရတာဝမ်းသာပါတယ်... ကိုယ့်တမြေထဲက သူတွေနဲ့တွေ့ရတော့ ပိုပြီးတော့ ၀မ်းသာတာပေါ့..
အေး.. ဒါဆိုရင် ညဉ်းကို ကိုယ်ဒီမှာရှိနေတဲ့ ကိုယ်တို့ဆီကလူတွေနဲ့ မိတ်ဆက်ပေးမယ်လေ.. ညနေကျရင်သွားလည်ကြတာပေါ့.. သူတို့အိမ်ကို... ကိုယ်ဖုန်းကြိုဆက်ထားလိုက်မယ်...

ဟင်.. တကယ်လား... အဲဒီမှာ အမျိုးသမီးတွေရောရှိလား..

တကယ်ပေါ့... ရှိတာပေါ့.. မစိုးရိမ်ပါနဲ့.. ကိုယ်ဖုန်းဆက်ထားလိုက်မယ်..

အဲဒီညနေမှာ ငယ်တို့ သူမိတ်ဆက်ပေးမယ်ဆိုတဲ့သူငယ်ချင်းအိမ်ကိုသွားကြတယ်..
ဟာ.. ကိုကောင်းပါလား... သူက ညီမလေးလား...
ဟုတ်တယ်ဗျ... ညီမလေးက ရောက်လာတာမကြာသေးဘူးလေ.. ကျနော်လည်း သူ့ကိုတွေ့ရလို့ဝမ်းသာနေတာ..

သူကပြောပြောဆိုဆို လက်ဆွဲနှုတ်ဆက်ဖို့ ငယ့်ကို လက်ကမ်းပေးပါတယ်။
ငယ်ကလည်း ရယ်ရယ်မောမောဘဲ သူ့ကို ပြန်ပြီးလက်ဆွဲနှုတ်ဆက်လိုက်တဲ့ တဒင်္ဂမှာ သူ့လက်ချောင်းလေးတခု လှုပ်ရှားသွားပါတယ်...

ငယ့်ဦးနှောက်ထဲမှာ ငယ်ငယ်က အန်တီတွေ မမတွေ စကားဝိုင်းက မျက်စိထဲပြန်မြင်ယောင်၊ နားထဲပြန်ကြားယောင်လာပြီး.. မျက်နှာကိုချက်ချင်းတည်လိုက်ပါတယ်။

ရှင်ဒီလိုမလုပ်သင့်ဘူး... ဒီအဓိပ္ပါယ်က ဘာလဲဆိုတာကို ငယ်သိတယ်.. တဖက်သားရဲ့ ရှင့်အပေါ်ရိုးရိုးသားသားယုံကြည်တယ်ဆိုတာ သိရဲ့သားနဲ့ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ချင်စမ်းပါနဲ့...

သူ အီလည်လည်ပုံစံဖြစ်သွားပြီး ဆွဲထားတဲ့လက်ကိုလွှတ်လိုက်ပါတယ်...

အဲဒီနေ့ကစလို့... လူတွေကသူ့ကိုဘယ်လောက်ဘဲ ချီးမွမ်း.. ဘယ်လောက်ဘဲရိုးသားနေပါစေ... ငယ်ရဲ့ လေးစားယုံကြည်မှုကိုတော့ သူ ရှုံးဆုံးသွားခဲ့လေတယ်။


စိတ်ဝင်စားရင်...

Friday, March 20, 2009

အချစ်ဆိုတာဘာလဲ...

အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့
လူတွေ အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။

ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။
ပြောဖို့ စကားတွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။

မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး
လက်တွဲဖြုတ်ရမှာကို သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။

ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။

မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။

လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။

သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ
ဆုပ်ကိုင်ထားလို့ မင်း သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။

အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ
မထိခိုက်စေချင်လို့ မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။

သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို
ပုံအပ်လိုက်ချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။

သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။

အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။

သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။




သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။

သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။

မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ
မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။

ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့
နှစ်ယောက်ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။

သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။

တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ
အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့ အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။

မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။

အခု အချစ်ဟာ သိပ် ခါးသီး နာကျင်နေစေမယ် ဆိုရင် ကျနော်တို့ ဘာကြောင့် ချစ်ကြဦးမလဲ။
ဘာအတွက်ကြောင့် ဒါကြီးကို တစ်ဘ၀လုံး ရှာနေဦးမလဲ။
ကျနော်တို့ ဒါကို ဘာလုပ်ဖို့ တောင့်တနေဦးမလဲ။
ဒီအနာတရ၊ ဒီမချိမဆံ့ ဝေဒနာ၊ ဒီဒုက္ခတွေက ဘာကြောင့်လဲ။
ကိုယ့်ရဲ့ အတ္တကိုတောင် ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့လေ။ အဲဒါ ဘာအတွက်လဲ။
အဖြေက သိပ်ရိုးရှင်းပါတယ်။ အဲဒါ အချစ်ကြောင့်လေ။
ဘယ်လောက်ထိ စွဲဆောင်အား ကောင်းသလဲဆိုရင် အချစ် မရှိဘူး ဆိုတဲ့လူတွေတောင်
ခံစားကြည့်ချင်တယ်။ ရှိပြီးသား လူတွေက သူများကိုလည်း ခံစားစေချင်တယ်လေ။

မှတ်ချက်။ ။ သူငယ်ချင်းမှ ပို့ပေးလိုက်သော အီးမေးလ်မှတဆင့် ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

စိတ်ဝင်စားရင်...

Wednesday, March 18, 2009

ဝိုင်းကူရှာကြရအောင်




မြင်းဘယ်နှစ်ကောင်ရှိလဲ ရေတွက်ကြရအောင်...

ဒီပုံထဲမှာ လူဘယ်နှစ်ယောက်ရှိလဲ.. အဖြေမှန်. မမှန်သေချာပြန်စဉ်းစားနော်..




ကဲ... စာထဲမှာပါတဲ့အတိုင်းဘဲ.. မျက်နှာဘယ်နှစ်ခုရှိလဲ ရှာကြည့်ရအောင်..

ဒီပုံထဲမှာရော.. ဘာတွေမြင်ရလဲ...

လူပုံလား... Liar လား

ကလေးလေးတယောက်..ဘယ်နားမှာလဲရှာကြည့်ရအောင်..

စိတ်ဝင်စားရင်...

အားလုံးအပျင်းပြေစေဖို့


အောင်မလေး... ဒီကာတွန်းမျိုးတော့ မဆွဲပါရစေနဲ့.. လက်ပြတ်သွားဦးမယ်..


အရုပ်ထဲမှတောင် လည်ပတ်ကို ဆွဲထားရတယ်.. ရန်မူမှာစိုးလို့ :P


အိမ်တွေလား.... လူတွေလား.. ၀ိုင်းစဉ်းစားကြပါဦး

တော်တော်ထက်တဲ့ ဓါးပါလား..

ဝိုင်းကူကပ်ပါဦး... စုတ်နေကုန်ပြီ..

ဘယ်လိုလုပ်ပြီး.. လမ်းကြောင်းပြောင်းသွားပါလိမ့်

စိတ်ဝင်စားရင်...

Friday, February 27, 2009

ရတက်မအေးနိုင်သော မနက်ဖြန်များစွာ


ထိုင်း- မြန်မာနယ်စပ် မဲဆောက်မှာ အလုပ်သမားတွေ ရက်ရက်စက်စက်အဖမ်းခံနေရတယ်လို့ ကြားတော့.. အတိတ်ဟောင်းဆီကို ပြန်ရောက်သွားတယ်...
အဲဒီတုန်းက ကျမလည်း အများသူငါလို အလုပ်လုပ်ခွင့်လက်မှတ်မရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတယောက်ပေါ့...



မနက် ၈ နာရီကနေပြီးတော့ ည ၉ နာရီထိ ပုံမှန်အလုပ်အချိန်ပြီးအောင်... ကိုယ့်ကိုသတ်မှတ်ထားတဲ့ အလုပ်ပြီးအောင်... အားလုံး ကုန်းရုံးပြီး လုပ်နေကြချိန်မှာ... အလုပ်ကြီးကြပ်သူတွေဖြစ်တဲ့ တရုတ်နိုင်ငံသားတွေနဲ့ စက်ရုံမှာ တာဝန်ရှိတဲ့ ထိုင်းတွေက ဟိုတစု..ဒီတစု...။

ဒါပေမဲ့ ၉ နာရီထိုးပြန်ရမဲ့အရေးမို့ ဘာတွေ..စုစု..စုစု ဖြစ်နေတယ်ဆိုတာကို ကိုယ်ကိုယ်တိုင်ကလည်း ဂရုမစိုက်အားပါဘူး။
"ပြေးကြဟေ့..ဂိတ်ဝမှာ ပုလိပ်ရောက်နေကုန်ပြီ."
အသံလည်းကြားရော.. သာမန်အချိန်ဆိုရင်တယုတယကိုင်တွယ်ရတဲ့ စက်ရုံအထည်တွေကိုလည်း မသအားတော့ပါဘူး..။ အထည်တွေကို ပုံးထဲ ပြန်ထည့်သူကထည့်.. ကတ်ကြေး၊ အပ်တွေကို ကြုံးထည့်ပြီး.. သိမ်းသူတွေကသိမ်း... မီးပိတ်ပြီးတော့ ပြေးသူတွေကပြေး.. ပြာယာခတ်သူတွေထဲမှာ ကျမလည်းပါတာပေါ့၊

မေမေကတော့ ကျမတို့မောင်နှမတွေကို စုပြီး.. စက်ရုံထဲမှာသိတဲ့ အစ်ကိုကြီးတွေက ကျမတို့လိုကလေးတွေကို အပေါက်ဝရောက်အောင်.. ဆွဲပြေးပါတော့တယ်...

မှောင်မှောင်စမ်းစမ်းထဲမှာ အရှေ့ဘက်ဂိတ်ကိုလည်းသွားဖို့မဖြစ်နိုင်တော့လို့..အနောက်ဘက်ခိုးပေါက်တွေကို တအားကြုံးပြေးကြတယ်။ ပွဲတော်လည်းမဟုတ်ပါဘဲ ကြိတ်ကြိတ်တိုးနေတဲ့အဖြစ်အပျက်ရဲ့ ဇစ်မြစ်ကတော့ ရှိတဲ့ခိုးပေါက်က တခါကို လူတယောက်ဘဲထွက်လို့ရပါသတဲ့....

ဒါတောင် တချို့အတွေ့အကြုံရှိတဲ့လူတွေက ပုလိပ်ဖမ်းရင် လေး၊ ငါး၊ ခြောက်ရက်.. တပတ်လောက်ကြာတတ်လို့.. လိုအပ်တဲ့အရာတွေကို အိပ်ဆောင်မှာပြန်ယူနေလို့တော်သေးတယ်..။ နောက်မို့ဆိုရင် စက်ရုံမှာလုပ်တဲ့ အလုပ်သမား ၈၀၀လောက်နဲ့ ခိုးပေါက် ၄ ပေါက်နဲ့... တညလုံးအပြင်ရောက်ဖို့..လမ်းကိုမမြင်နိုင်ဘူး။

ဒီလိုနဲ့ဘဲ ပုလိပ်လက်ကလွတ်ဖို့အရေး ခိုးပေါက်ကိုယ့်အလှည့်ကျအောင် အချိန်တော်တော်ကြာစောင့်လိုက်ရတယ်ဘဲဆိုပါတော့..။

ကိုယ့်အလှည့်ကျလို့ အပြင်လည်းရောက်လာရော.. နောက်ထပ်အပူတခုက ထပ်ဆင့်လာရတယ်..။ မဲဆောက်လိုနေရာမျိုးက လမ်းသူရဲတွေက အရမ်းများတယ်.. များသလောက်လဲ သက်ရောက်မှုတွေကရှိတယ်....

ကိုယ့်ဘက်က အုပ်စုနည်းလို့.. အမျိုးသမီးတွေကို တွေ့ရင် မုဒိမ်းကျင့်..သတ်ပစ်သလို... ယောက်ျားလေးတွေကိုတွေ့ရင်လည်း ရိုက်ပုတ်ပြီးတော့ ပါသမျှကို အကုန်ယူတော့တာဘဲ... အဲဒီတော့ အုပ်စုတောင့်အောင် စောင့်ကြရတယ်ဆိုပါတော့...

အဲဒီလိုနဲ့.. ကိုယ့်အိမ်တံခါးကိုဖွင့်ပြီးတော့ အားလုံးသော့ခတ်.. အိပ်ယာထဲရောက်မှဘဲ..သက်ပြင်းချပြီး... အော်.. ငါအိမ်ပြန်ရောက်ပြီဆိုပြီး စိတ်အေးရသလို နောက်တနေ့အတွက် စဉ်းစားရင်း ပူပန်မှုတ၀က်နဲ့ အိပ်ယာဝင်ခဲ့တယ်...

စိတ်ဝင်စားရင်...