ပျော်ရွှင်မှုအပြည့်ရှိတဲ့
...အနာဂါတ်...။
အတူလက်တွဲပြီး....
တည်ဆောက်ဖို့...။
သွေးခွဲစကားတွေကို...
အဝေးမှာထား...။
ဝေးကွာမှုဆိုတာ...
ငါတို့နဲ့မသက်ဆိုင်သလို...
နေရအောင်..ချစ်သူရယ်။
Posted by ရေတစက်ကြောင့် at 3:42 PM 0 comments
Labels: ကဗျာ
Posted by ရေတစက်ကြောင့် at 10:26 AM 0 comments
Labels: ကဗျာ

ပြည်သူသာလျှင်အမိ.. ပြည်သူသာလျှင်အဖ...
ဒါမှမဟုတ်..
တပ်မတော်သည်သာလျှင်အမိ.. တပ်မတော်သည်သာလျှင်အဖလား...
သေချာတာတခုကတော့...
ပြည်သူ့သားကောင်းဆိုလျှင်တော့.. ပြည်သူသာလျှင်အမိ.. ပြည်သူသာလျှင်အဖဘဲဖြစ်ရမယ်..
မြန်မာပြည်က...ဘိုးဘိုး.. အာဏာရူးကြီး.. မှူးကြီးသန်းရွှေကတော့..
တပ်မတော်သာအမိ.. တပ်မတော်သာအဖလို့သာအော်နေပြီ... ပြည်သူတွေ ဒုက္ခရောက်နေတာကူလည်းမကူညီဘူး.. သူများကူတာကိုလည်း လက်မခံဘူး...
အခုမြန်မာပြည်မှာ စစ်သားက သိန်းနဲ့ချီပြီးရှိနေတယ်.. သိန်းနဲ့ချီတဲ့ မိသားစု... ဆွေမျိုးတွေဟာလည်းဘဲ.. ဒီဒုက္ခတွေကို ခံစားနေကြရတယ်..
တကယ်တမ်းဆို တပ်မတော်ဆိုတာ ပြည်သူတွေဘ၀.. အေးချမ်းဖို့အတွက်.. အကာအကွယ်ပေးတဲ့.. မွန်မြတ်တဲ့ အလုပ်ကို လုပ်နေကြသူတွေပါ..
ဒါပေမဲ့... အရူးကြီး သန်းရွှေက.. အဲဒီ ငြိမ်းချမ်းတယ်.. အကာအကွယ်ပေးတယ်ဆိုတဲ့ စကားလုံးကို.. သုံးပြီးတော့... ကိုယ်ကျိုးအတွက်.. လုပ်စားနေတာ...
အခုဆိုရင်... သူလည်းတော်တော်ချမ်းသာလို့.. သမီးဖြစ်သူကိုတောင်.. စိန်စီတဲ့ မင်္ဂလာဆောင်အခမ်းအနားတခုလုပ်ပေးနိုင်သလို... ပြည်သူတွေလဲ.. အတော်ကိုအခက်အခဲ ကြုံနေရပါပြီ..
ဒါတွေအားလုံးကို... မြန်မာပြည်မှာရှိနေတဲ့ ပြည်သူကမွေးတဲ့ ပြည်သူ့သား.. စစ်သားတွေလည်း သိကြပါတယ်...
အဲဒါကြောင့်...ကိုယ့်ရဲ့ တကယ့်မိသားစု.. ဆွေမျိုးတွေနဲ့ မားမားမတ်မတ်.. ရပ်တည်ပြီး.. အမှန်တရားနဲ့ အေးချမ်းတဲ့ဘ၀တွေရဖို့အတွက် ပြည်သူတွေနဲ့ လက်တွဲဖို့ကို ပြည်သူတွေကနေ.. လက်ကမ်းလို့ စောင့်ကြိုနေလျှက်...
အတူလက်တွဲပြီး.. မိသားစုတိုင်းအတွက် ငြိမ်းချမ်းတဲ့ နိုင်ငံလေးတခု တည်ဆောက်လိုက်ရအောင်။
Posted by ရေတစက်ကြောင့် at 4:00 PM 0 comments
Labels: ဆောင်းပါး
Posted by ရေတစက်ကြောင့် at 9:40 AM 0 comments
Labels: ကဗျာ

တကယ်ပါဘဲ...
နေ့တိုင်း...
သတင်းနားထောင်တဲ့ကျမ..
မြန်မာပြည်မှာ...
ဆိုင်ကလုံးတည့်တည့်...
ဝင်တိုးတယ်ဆိုတာကို..
ကြားတဲ့နေ့ကနေစပြီးတော့..
သတင်းကို မနားထောင်ဘဲနေခဲ့တယ်... ကျမ စိတ်မကောင်းစရာတွေကို တွေ့ရမြင်ရတာတွေများပြီးတော့ မမြင်ချင်တော့ဘူး...
ဒါပေမဲ့... ကိုယ့်နိုင်ငံနဲ့ပတ်သက်တော့ မနေနိုင်ဘူး.. အီးမေးလ်မှာတွေ့တော့ဖွင့်ကြည့်မိကာမှ.... ရှိတဲ့အားကို ရိုက်ချိုးပစ်လိုက်စေတာက... အသက်ပျောက်နေတဲ့ ကလေးတွေရဲ့ အလောင်းတွေပါ..
ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စစ်အစိုးရကတော့ သူတာဝန်မယူနိုင်လို့ပစ်ထားတဲ့ ပြည်သူတွေအတွက် အခြားနိုင်ငံကလှူလာတဲ့ ပစ္စည်းတွေကိုတောင် လူတွေဆီကို မဝေပေးဘဲ...
ဂိုဒေါင်ထဲမှာ ထည့်သိမ်းထားတာကို တကယ်ပါဘဲ.. အံ့သြလို့ကို မဆုံးဘူး....ပြီးတော့ ဒီလောက် အရေးတကြီး အစားအစာတွေ၊ ထောက်ပံ့ပစ္စည်းတွေ လိုနေတဲ့အချိန်မှာ..
ဘာကိစ္စနဲ့ ဂိုဒေါင်ထဲထည့်ပြီး အလှကြည့်နေတာလဲဆိုတာ စဉ်းစားလို့မရဘူး....
သူများနိုင်ငံက ပို့လာတဲ့ ပစ္စည်းမပြောနဲ့ ကိုယ့်နိုင်ငံသားအချင်းချင်း ကိုယ်ချင်းစာလို့ ရှိတာလေးတွေ ဝေငှတာတောင် နိုင်ငံတော်ကို အရှက်ရစေတယ်၊ သိက္ခာချတယ် ဆိုပြီးတော့ ဖမ်းဆီးတယ်....။ သူတို့ကိုယ်တိုင်ကျတော့ မလုပ်နိုင်ဘဲနဲ့...။
ကိုယ့်နိုင်ငံကမဟုတ်တဲ့ အခြားနိုင်ငံသား ကမ္ဘာတ၀ှမ်းလုံးက လူတွေတောင် မုန်တိုင်းမိလို့ ငတ်နေတဲ့လူတွေ... ကျန်းမာရေးမကောင်းတဲ့၊ ဒုက္ခရောက်နေတဲ့လူတွေကို သနားပြီး အကူအညီတွေပေးနေတာ...
မြန်မာနိုင်ငံမှာ အစိုးရလုပ်နေတဲ့ သူတို့တွေက ဘာလို့အဲဒီလောက်တောင် အကြင်နာနည်းကြတာလဲ...
ဗိုလ်သန်းရွှေနဲ့ နအဖ အသိုင်းအ၀ိုင်းမှာ သားသမီးဆွေမျိုးတွေရှိရဲ့သားနဲ့ ဒီလောက်ကိုယ်ချင်းစာမှုနည်းတာ... လူတွေမှဟုတ်ကြရဲ့လား.... ငါတို့နိုင်ငံကလူတွေ တရိစ္ဆှာန်အရိုင်းအစိုင်းတွေရဲ့ အာဏာရူးသွယ်မှုအောက်မှာ အလူးအလဲခံနေကြရပြီ... အဲဒါကြောင့် ဒီအချိန်မှာ ငါတို့နိုင်ငံကို အပြောင်းအလဲတခုလုပ်ဖို့ လိုနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြနေတာပါဘဲ...
နောင်လာနောက်သားတွေအတွက် အေးချမ်းပြီး.. နေချင်စဖွယ်ကောင်းတဲ့ နိုင်ငံအဖြစ် အနာဂါတ်မှာ ကျန်ရစ်နေအောင်... ငါတို့အတူတူ တိုက်ပွဲဝင်ကြရအောင်...။
Posted by ရေတစက်ကြောင့် at 4:44 PM 0 comments
Labels: ဆောင်းပါး

".. သား.. မင်းတကယ်ကြိုးစားရဲ့လား..
.. ဟုတ်ကဲ့.. အမေ..
.. တကယ်.. သေသေချာချာကြိုးစားတာအမှန်နော်...
..ဟုတ်ပါတယ်..
.. ဒါဆို မပူနဲ့သား.. မင်းတကယ်ကြိုးစားနေတာမှန်ရင် မအောင်မြင်စရာမရှိဘူး...
..အောင်မြင်လိမ့်မယ်.. မကြိုးစားတော့ဘူးဆိုမှသာ တကယ်ရှုံးသွားတာ.."
လူမည်းဆင်းရဲသားလေးဘ၀ကနေ အမေရိကန်ပုံနှိပ်ထုတ်ဝေရေးလောကရဲ့ ထိပ်သီးပုဂိုလ်တဦးဘ၀ကို ရောက်ခဲ့တဲ့ ဂျွန်ဟာရိုးလ်ဂျွန်ဆင်ကို စွမ်းအားဖြစ်စေခဲ့တဲ့ စကားလေးပါဘဲ...
တကယ်တော့...ဒီစကားလေးဟာ သူ့တယောက်အတွက်တင်မက.. လူတိုင်းအတွက် အသုံးဝင်စေတဲ့ စကားလေးပါဘဲ...
အခုလက်ရှိ.. မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့အခြေအနေ.. လူထုဆန္ဒခံယူပွဲမှာလဲ.. ဒီအတိုင်းပါဘဲ.. လူတွေပြောနေကြတာ.. ဖြစ်နိုင်ရုံတင်မကဘူး.. မှန်နေတာက... အခုငါတို့ မဲသွားထည့်ရင်.. ငါတို့မဲထည့်တဲ့အတိုင်းဖြစ်လာမှာမဟုတ်ဘူး... ဒီစစ်အစိုးရက မဲလိမ်မှာဘဲတဲ့...
အဲဒါဘယ်သူမှမခန့်မှန်းမိဘူးလား... အားလုံးခန့်မှန်းမိရုံတင်မကဘူး... ဖြစ်လာမယ်ဆိုတာကို သိနေတာဘဲ.... ဒါပေမဲ့...ကျမအမြင်ကတော့ ဘယ်လိုဘဲဖြစ်ဖြစ်.. ကျမတို့ပြည်သူတွေအနေနဲ့... တကယ်တမ်းလွတ်မြောက်ချင်တယ်.. လွတ်လပ်ချင်တယ်ဆိုရင် နည်းလမ်းကို အမြဲတမ်းရှာပြီးတော့ နည်းလမ်းပေါင်းစုံသုံးနေရမှာဘဲ...
..ဖိနှိပ်မှုတွေအရမ်းများတဲ့... လွတ်လပ်မှုလုံးဝမရှိတဲ့ အစိုးရတစ်ရပ်ရဲ့ အောက်မှာနေရပြီး.. လွတ်လမ်းကိုရှာချင်တယ်ဆိုရင်တော့... သူတို့အခွင့်အရေးပေးရင်ပေးသလောက်ယူပြီး... ကျမတို့ရဲ့ တကယ့်ဆန္ဒအမှန်ကို ဖော်ထုတ်ကြရမှာဘဲ...
ငါထည့်ရင်လည်းမဲလိမ်မှာဘဲ... သွားလည်းမထည့်ဘူး... ၀င်လည်းမပါဘူး...ဆိုရင်တော့... နိုင်ငံအပြောင်းအလဲဖြစ်ဖို့အတွက် .. တကယ်ကြိုးစားခဲ့ရဲ့လားလို့မေးမဲ့သူရှိရင် တကယ်ကြိုးစားခဲ့ပါတယ်လို့... ပြောလို့မကောင်းတဲ့အဖြေမျိုးလို့.. ကျမကတော့ ယုံကြည်တယ်...
တချိန်..နောင်လာနောက်သားတွေကမေးလို့.. အဲဒီလို စနစ်ဆိုးရဲ့အောက်မှာနေရတုန်းက... အစ်ကို၊အဖေ၊အမေ၊အမ တို့က ဘယ်လိုပါဝင်ခဲ့ကြလဲမေးခဲ့ရင်... အားပါးတရနဲ့ အမေတို့ကတော့ မဲသွားမထည့်ဖူးလို့ဖြေရင်တော့.. မရဘူးလားဆိုရင်တော့.. ရပါတယ်.. ဒါပေမဲ့.. အခက်အခဲတွေကြားထဲက အမေ၊အဖေတို့ကတော့ဖြင့် ဘယ်လို ဆန္ဒမဲတွေ ပေးခဲ့ကြတာဆိုရင်တော့... ပိုပြီးဆန်းသစ်တဲ့ နောင်လာနောက်သားတွေ..အားကျအတုယူဖွယ် ပုံပြင်လေးတခုဖြစ်လိမ့်မယ်ဆိုတာ ကျမ အသေအချာကို ယုံကြည်ပါတယ်...
တကယ်တမ်းက.. ဘာမှမလုပ်ရင်ဘာမှမဖြစ်လာဘူး.. နည်းနည်းလုပ်ရင် လုပ်သလောက် အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို ယုံကြည်ကြရင်... အလှမ်းမဝေးတဲ့ မဲရုံဆီသွား.. ကိုယ့်မဲတပြားနဲ့ စစ်အစိုးရဆီမှာ..ငါတို့လွတ်လပ်ရေးတွေ ပြန်ယူကြဖို့...
".. သူငယ်ချင်းတို့ရေ.. မင်းတို့တကယ်ကြိုးစားကြရဲ့လား..." လို့ ကျမမေးလိုက်မယ်..။
Posted by ရေတစက်ကြောင့် at 4:55 PM 0 comments
Labels: ဆောင်းပါး

Posted by ရေတစက်ကြောင့် at 3:57 PM 0 comments
Labels: ကဗျာ